ဟေ​ရှာ​ယ 36:20-22 Judson Bible (BJB)

20. ထိုအပြည်ပြည်သော ဘုရားတို့တွင်၊ အဘယ်မည်သော ဘုရားသည် မိမိပြည်ကို ငါ့လက်မှကယ်လွှတ် ဘူးသနည်း။ ထာဝရဘုရားသည် ယေရုရှလင်မြို့ကို ငါ့လက်မှ အဘယ်သို့ ကယ်လွှတ်နိုင်မည်နည်းဟု ဆိုလေ၏။

21. ယုဒလူတို့လည်း၊ စကားတခွန်းကိုမျှမပြန်ဘဲ တိတ်ဆိတ်စွာ နေကြ၏။ အကြောင်းမူကား၊ ပြန်မပြောနှင့်ဟု ရှင်ဘုရင် အမိန့်တော်ရှိသတည်း။

22. ထိုအခါ ဟိလခိသားဖြစ်သော နန်းတော်အုပ်ဧလျာကိမ်၊ စာရေးတော်ကြီး ရှေ့ဗန၊ အာသပ်သားအတွင်း ဝန်ယောအာတို့သည် မိမိတို့အဝတ်ကိုဆုတ်လျက်၊ ဟေဇကိမင်းထံသို့လာ၍၊ ရာဗရှာခ စကားကို ကြားလျှောက် ကြ၏။

ဟေ​ရှာ​ယ 36