ဟော​ရှေ 5:7-10 Judson Bible (BJB)

7. သူတို့သည်ထာဝရဘုရားထံတော်၌ ခံသောသစ္စာကို ဖျက်ကြပြီ။ အကြောင်းမူကား၊ တပါးအမျိုးသား တို့ကို ဘွားမြင်ကြပြီ။ လဆန်းနေ့ရောက်မှ သူတို့နှင့်သူတို့ဥစ္စာသည်ပျက်စီးလိမ့်မည်။

8. ဂိဗာမြို့၌ နှဲခရာကို၎င်း၊ ရာမမြို့၌ တံပိုးကို၎င်း မှုတ်ကြလော့။ ဗေသဝင်မြို့၌ ကြွေးကြော်ကြလော့။ အိုဗင်္ယာမိန်အမျိုး၊ နောက်သို့ ကြည့်ကြလော့။

9. ဣသရေလ အမျိုးအနွယ်တို့ကို ဆုံးမသတိပေး သော နေ့၌ ဧဖရိမ်သည် ပျက်စီးရလိမ့်မည်။ ဆက်ဆက် ဖြစ်လတံ့သော အမှုကို ငါဘော်ပြ၏။

10. ယုဒမင်းတို့သည် မြေမှတ်တိုင်တို့ကို ရွှေ့သော သူကဲ့သို့ ဖြစ်ကြ၏။ ငါသည် သူတို့အပေါ်သို့ ငါ့အမျက်ကို ရေကဲ့သို့ သွန်းလောင်းမည်။

ဟော​ရှေ 5