ဟော​ရှေ 3:1-3 Judson Bible (BJB)

1. တဖန် ထာဝရဘုရားက၊ ဣသရေလအမျိုးသား တို့သည် အခြားတပါးသော ဘုရားတို့ကို ဖူးမြော်၍၊ စပျစ် သီးပျဉ်ကို အလိုရှိသော်လည်း ထာဝရဘုရား ချစ်တော်မူ သည်နည်းတူ၊ မိမိခင်ပွန်း၏ ချစ်ခြင်းကို ခံလျက် မျောက်မ ထားသော မိန်းမကို သွား၍ ချစ်ဦးလော့ဟု ငါ့အား မှာထားတော်မူသည်အတိုင်း၊

2. ထိုမိန်းမကို ငွေတဆယ်ငါးကျပ်၊ မုယောဆန် တဟောမဲခွဲနှင့် ငါရွေးပြီးမှ၊

3. သင်သည်ငါ့အဘို့ နေ့ရက်များစွာ စောင့်၍ နေရမည်။ ပြည်တန်ဆာ မလုပ်ရ။ အခြားသော ယောက်ျားနှင့် မပေါင်းဘော်ရ။ သို့ပြုလျှင်၊ သင့်အဘို့ ငါစောင့်၍ နေမည်ဟု ပြောထား၏။

ဟော​ရှေ 3