10. သင်၏ ရှင်ဘုရင်သည် အဘယ်မှာ ရှိသနည်း။ သင့်နေရာမြို့ရှိသမျှတို့၌ ကယ်တင်ပါစေသော။ သင်၏ တရားသူကြီးတို့သည် အဘယ်မှာ ရှိကြသနည်း။
11. ရှင်ဘုရင်နှင့် မင်းများကို ပေးပါဟု သင် တောင်းသောကြောင့်၊ ငါအမျက်ထွက်၍ ရှင်ဘုရင်ကို ပေးပြီ။ တဖန်ပြင်းစွာ အမျက်ထွက်၍ ရှင်ဘုရင်ကို ပယ် ရှားပြီ။
12. ဧဖရိမ်ပြုသော ဒုစရိုက်ကို ငါထုပ်ထား၍ သူ၏ အပြစ်ကို သိုမှီးပြီ။
13. သူသည် သားဘွားသော မိန်းမကဲ့သို့ ဝေဒနာကို ခံရချိန်နီးပြီ။ မိုက်သောအမျိုးသားဖြစ်၏။ သားဘွားရာ ဝမ်းဝ၌ ကြာမြင့်စွာနေပါသည်တကား။