သူ​ကြီး 2:21-23 Judson Bible (BJB)

21. ယောရှုသေသောနောက် ကျန်ကြွင်းရစ်သောလူမျိုးတစုံတမျိုးကို သူတို့ရှေ့မှ နောက်တဖန် ငါမနှင်ထုတ်။

22. သူတို့ဘိုးဘေးတို့သည် ထာဝရဘုရား၏လမ်းတော်သို့ လိုက်ခြင်းငှါ စောင့်ရှောက်သကဲ့သို့ သူတို့သည်စောင့်ရှောက်မည်လော၊ မစောင့်ရှောက်လောဟု ကျန်သေးသောလူမျိုးအားဖြင့် ဣသရေလအမျိုးကို ငါစုံစမ်းမည်ဟု မိန့်တော်မူသည်နှင့်အညီ၊

23. ထိုလူမျိုးကို ယောရှုလက်၌မအပ် အလျင်အမြန် မနှင်ထုတ်ဘဲ နေတော်မူ၏။

သူ​ကြီး 2