သူ​ကြီး 12:1-2 Judson Bible (BJB)

1. ဧဖရိမ်အမျိုးသားတို့သည် စည်းဝေး၍ မြောက်သို့ ချီသွားလျှင်၊ ယေဖသအား သင်သည် ငါတို့ကို မခေါ်ဘဲ၊ အမ္မုန်အမျိုးသားတို့ကို အဘယ်ကြောင့် တိုက်ခြင်းငှါ သွားသနည်း။ သင့်အိမ်ကို သင့်အပေါ်မှာ မီးရှို့မည်ဟု ဆိုကြသော်၊

2. ယေဖသက၊ ငါနှင့် ငါ၏လူတို့သည် အမ္မုန်အမျိုးသားတို့နှင့် ကြီးသောအမှု ရှိစဉ်အခါ၊ သင်တို့ကို ငါခေါ်သော်လည်း၊ သင်တို့သည် အမ္မုန်လူတို့လက်မှ ငါ့ကို မကယ်မနှုတ်ဘဲ နေကြ၏။

သူ​ကြီး 12