သူ​ကြီး 1:22-25 Judson Bible (BJB)

22. ယောသပ်အမျိုးသားတို့သည်လည်း၊ ဗေသလမြို့သို့ချီသွား၍၊ ထာဝရဘုရားသည် သူတို့နှင့်အတူရှိတော်မူ၏။

23. လုဇအမည်ဟောင်းရှိသော ထိုမြို့ကိုစူးစမ်းစေခြင်းငှါ စေလွှတ်သော သူလျှိုတို့သည်၊

24. မြို့ထဲက ထွက်လာသောလူတယောက်ကိုတွေ့မြင်၍၊ မြို့ထဲသို့ ဝင်သောလမ်းကို ပြပါတော့။ သို့ပြလျှင် သင့်ကို ချမ်းသာပေးမည်ဟုဆိုသော်၊

25. ထိုသူသည် မြို့ထဲသို့ ဝင်သောလမ်းကို ပြသဖြင့်၊ သူတို့သည် မြို့သားတို့ကို ထားနှင့် လုပ်ကြံ၍၊ ထိုလူနှင့် သူ၏အိမ်သားအပေါင်းတို့ကို လွှတ်ကြ၏။

သူ​ကြီး 1