သုတ္တံကျမ်း။ 27:15-18 Judson Bible (BJB)

15. ရန်တွေ့တတ်သော မယားသည် မိုဃ်းသည်း စွာ ရွာသောနေ့၌ အစက်စက်ကျသော မိုဃ်းပေါက်နှင့် တူ၏။

16. ထိုမိန်းမကို သိမ်းထားသောသူသည် လေကို သိမ်းထားသောသူနှင့်တူ၏။ လက်ျာလက်၌ လိမ်းသော နံ့သာဆီကို ဝှက်၍မထားနိုင်။

17. သံကို သံဖြင့်ထက်စေသကဲ့သို့၊ လူသည်အဆွေ ခင်ပွန်း၏ မျက်နှာကို ထက်စေတတ်၏။

18. သင်္ဘောသဖန်းပင်ကို စောင့်သောသူသည် သင်္ဘောသဖန်းသီးကို စားရ၏။ ထိုနည်းတူ၊ သခင်အမှုကို ဆောင်ရွက်သော သူသည် ဂုဏ်အသရေကို ရတတ်၏။

သုတ္တံကျမ်း။ 27