ဝတ်​ပြု 7:26-32 Judson Bible (BJB)

26. သင်တို့သည် နေလေရာရာ၌ ငှက်သွေး၊ သားသွေးမှစ၍ အသွေးမည်မျှကိုမစားရ။

27. အကြင်သူသည် တစုံတခုသော အသွေးကိုစား၏။ ထိုသူကို သူ၏အမျိုးမှ ပယ်ရှင်းရမည်ဟု မိန့်တော်မူ၏။

28. တဖန်မောရှေအား ထာဝရဘုရားက၊ သင်သည် ဣသရေလအမျိုးသားတို့အား ဆင့်ဆိုရမည်မှာ၊ ထာဝရဘုရားအား မိဿဟာယယဇ်ကိုပူဇော်သောသူသည်၊

29. မိမိပူဇော်သောယဇ်အထဲက၊ ထာဝရဘုရားအား ဆက်ဘို့ရာဆောင်ခဲ့ရမည်။

30. ထာဝရဘုရားရှေ့တော်၌ ရင်ပတ်ကိုချီလွှဲ၍၊ ချီလွှဲသောပူဇော်သက္ကာ ပြုစေခြင်းငှါ၊ ရင်ပတ်နှင့် ဆီဥတည်းဟူသောမီးဖြင့် ထာဝရဘုရားအား ပူဇော်သောအရာကို ကိုယ်တိုင်ဆောင်ခဲ့ရမည်။ 

31. ယဇ်ပုရောဟိတ်သည်၊ ဆီဥကို ယဇ်ပလ္လင်ပေါ်မှာမီးရှို့၍၊ ရင်ပတ်ကို အာရုန်နှင့် သူ၏သားတို့သည်ယူရကြမည်။

32. မိဿဟာယယဇ်ထဲက လက်ျာပခုံးကို ချီမြှောက်သောပူဇော်သက္ကာဘို့ ယဇ်ပုရောဟိတ်အားပေးရမည်။

ဝတ်​ပြု 7