ဝတ်​ပြု 26:7-12 Judson Bible (BJB)

7. သင်တို့သည် ရန်သူများကိုလိုက်၍ ထားလက်နက်ဖြင့် အောင်ကြလိမ့်မည်။

8. သင်တို့တွင် လူငါးယောက်သည် ရန်သူတရာကိုလိုက်လိမ့်မည်။ လူတရာသည် ရန်သူတသောင်းကိုပြေးစေ၍ ထားလက်နက်ဖြင့်အောင်ကြလိမ့်မည်။

9. သင်တို့ကိုငါစောင့်မသဖြင့် တိုးပွားများပြားစေ၍၊ သင်တို့နှင့် ငါပြုသော ပဋိညာဉ်ကို ငါမြဲမြံစေမည်။

10. သိုထားသော စပါးဟောင်းကိုစား၍မကုန်မှီ၊ စပါးသစ်ပေါ်သောကြောင့်၊ အဟောင်းကိုထုတ်ရကြမည်။

11. ငါသည်စက်ဆုပ်ရွံရှာခြင်းမရှိဘဲ သင်တို့တွင် တဲတော်ကိုတည်မည်။

12. သင်တို့တွင်လည်းလှည့်လည်၍ သင်တို့၏ဘုရားသခင်ဖြစ်မည်။ သင်တို့သည်လည်း ငါ၏လူဖြစ်ကြလိမ့်မည်။

ဝတ်​ပြု 26