38. ရန်သူပြည်သည် သင်တို့ကိုမျိုးစား၍၊ သာသနာပလူတို့တွင် ဆုံးရှုံးကြလိမ့်မည်။
39. ကျန်ကြွင်းသောသင်တို့သည်၊ ရန်သူပြည်၌ကိုယ်အပြစ်၊ ဘိုးဘတို့အပြစ်ကို ခံလျက်၊ ဘိုးဘနှင့်တကွအားလျော့ကြလိမ့်မည်။
40. သို့ရာတွင် သူတို့သည်ငါ့ကိုပြစ်မှား၍၊ ငါ့ကိုဆန့်ကျင်ဘက်ပြုသောကြောင့်၊
41. ငါသည် သူတို့ကိုဆန့်ကျင်ဘက်ပြု၍ ရန်သူပြည်သို့ပို့ဆောင်သော အကြောင်းများနှင့်တကွ၊ ကိုယ်အပြစ်၊ ဘိုးဘတို့အပြစ်များကို ဘော်ပြတောင်းပန်လျှင်၎င်း၊ အရေဖျားလှီးခြင်းကိုမခံသော မိမိတို့နှလုံးကိုနှိမ့်ချ၍၊ မိမိတို့အပြစ်ကြောင့်ခံရသောဒဏ်ကို ဝန်ခံလျှင်၎င်း၊
42. ငါသည် ယာကုပ်နှင့်ပြုသောပဋိညာဉ်၊ ဣဇာက်နှင့်ပြုသောပဋိညာဉ်၊ အာဗြဟံနှင့်ပြုသောပဋိညာဉ်ကို၎င်း၊ ထိုပြည်ကို၎င်း ငါအောက်မေ့မည်။