ဝတ်​ပြု 26:28-31 Judson Bible (BJB)

28. ငါသည်လည်းအမျက်ထွက်၍ သင်တို့ကိုဆန့်ကျင်ဘက်ပြုသဖြင့်၊ သင်တို့အပြစ်ကြောင့် ခုနစ်ဆသောဒဏ်ကိုပေးဦးမည်။

29. သင်တို့သည် ကိုယ်သားသမီးတို့၏အသားကို စားရကြလိမ့်မည်။

30. သင်တို့မြင့်သောအရပ်များကိုငါဖြိုဖျက်၍၊ ရုပ်တုဆင်းတုများကို ခုတ်လှဲမည်။ သင်တို့အသေကောင်များကို၊ ရုပ်တုဆင်းတု အသေကောင်အပေါ်မှာပစ်ချ၍၊ သင်တို့ကိုစက်ဆုပ်ရွံရှာမည်။

31. သင်တို့မြို့များကိုငါဖျက်ဆီး၍၊ သန့်ရှင်းရာဌာနတော်ကို သုတ်သင်ပယ်ရှင်းသဖြင့်၊ သင်တို့နံ့သာပေါင်း အမွှေးအကြိုင်ကိုငါမနမ်း။

ဝတ်​ပြု 26