ဝတ်​ပြု 19:5-9 Judson Bible (BJB)

5. မိဿဟာယယဇ်ကို ထာဝရဘုရားအားပူဇော်လျှင်၊ စိတ်တော်နှင့်တွေ့အောင် ပူဇော်ရမည်။

6. ပူဇော်သောနေ့နှင့် နက်ဖြန်နေ့၌စားရမည်။ သန်ဘက်နေ့တိုင်အောင် ကျန်ကြွင်းလျှင် မီးရှို့ရမည်။

7. သန်ဘက်နေ့၌ အနည်းငယ်ကိုမျှစားလျှင် ရွံရှာဘွယ်ဖြစ်၏။ စိတ်တော်နှင့်မတွေ့။

8. စားသောသူသည် ထာဝရဘုရား၏သန့်ရှင်းသောအရာကို ရှုတ်ချသောကြောင့် မိမိအပြစ်ကိုခံရမည်။ ထိုသူကို သူ၏အမျိုးမှပယ်ရှင်းရမည်။

9. ကိုယ်မြေ၌ဖြစ်သောစပါးကိုရိတ်သောအခါ၊ လယ်ထောင့်တို့ကို အကုန်အစင် မရိတ်ရ။ သိမ်းရာတွင် ကျန်ကြွင်းသောအရာကို ပြန်၍မကောက်မသိမ်းရ။

ဝတ်​ပြု 19