ဝတ်​ပြု 19:12-18 Judson Bible (BJB)

12. ငါ့နာမကိုတိုင်တည်၍ မဟုတ်မမှန်ဘဲ ကျိန်ဆိုခြင်းကိုမပြုရ။ သင်၏ ဘုရားသခင်နာမကို မရှုတ်မချရ။ ငါသည် ထာဝရဘုရားဖြစ်၏။

13. ကိုယ်နှင့်စပ်ဆိုင်သောသူ၏ဥစ္စာကို မတရားသဖြင့်မသိမ်းရ။ အနိုင်အထက်ပြု၍မယူရ။ သူငှါးခံထိုက်သောအခကို တညဉ့်လုံး နံနက်တိုင်အောင် မထားရ။

14. နားပင်းသောသူကို မကျိန်ဆဲရ။ မျက်စိမမြင်သောသူရှေ့မှာ ထိမိ၍ လဲစရာကို မထားရ။ သင်၏ဘုရားသခင်ကို ကြောက်ရွံ့ရမည်။ ငါသည်ထာဝရဘုရားဖြစ်၏။

15. တရားတွေ့သည်အမှုမှာ မတရားသဖြင့်မစီရင်ရ။ ဆင်းရဲသောသူဘက်၌ မငဲ့ကွက်၊ ကြီးသောသူ၏ မျက်နှာကိုမထောက်ဘဲ၊ ကိုယ်အမျိုးသားချင်းကို တရားသဖြင့်စီရင်ရမည်။

16. သူ့အသရေပျက်သော သိတင်းကိုကြားပြောခြင်းငှါ၊ ကိုယ်အမျိုးသားချင်းတို့တွင် မလှည့်လည်ရ။ ကိုယ်နှင့်စပ်ဆိုင်သောသူကို သေစေခြင်းငှါမကြံစည်ရ။ ငါသည် ထာဝရဘုရားဖြစ်၏။

17. သင်၏ညီအစ်ကိုကို စိတ်အခုအခံမရှိရ။ ကိုယ်နှင့် စပ်ဆိုင်သောသူ၌ရှိသော အပြစ်ကိုတတ်တိုင်းမရှိစေဘဲ၊ သူ့ကိုအမှန်ဆုံးမရမည်။

18. သင့်အမျိုးသားချင်းသည် သင့်ကိုပြစ်မှားလျှင်၊ ကိုယ်တိုင်အပြစ်ပြန်၍ မတုံ့ရ။ အငြိုးမထားရ။ ကိုယ်နှင့်စပ်ဆိုင်သောသူကို ကိုယ်နှင့်အမျှချစ်ရမည်။ ငါသည် ထာဝရဘုရားဖြစ်၏။

ဝတ်​ပြု 19