4. အိပ်သမျှထိုင်သမျှသော အိပ်ရာထိုင်ရာတို့သည်လည်း မစင်ကြယ်။
5. သူ၏အိပ်ရာကိုထိသောသူ၊ သူ့ထိုင်ရာအပေါ်မှာထိုင်သောသူ၊
6. သူ၏ကိုယ်ကိုထိသောသူ၊
7. သူ၏တံထွေးထိမိသောသူသည်၊ မိမိအဝတ်ကိုလျှော်၍ ကိုယ်ကိုရေးချိုးရမည်။
8. ညဦးတိုင်အောင်မစင်ကြယ်ဖြစ်၏။
9. ရိနာစွဲသောသူစီးသော ကုန်းနှီးလည်းမစင်ကြယ်။
10. သူ့အောက်၌ရှိသောအရာကိုထိသောသူသည် ညဦးတိုင်အောင်မစင်ကြယ်။ ထိုအရာတစုံတခုကို ဆောင်သောသူသည်၊ မိမိအဝတ်ကိုလျှော်၍ ကိုယ်ကို ရေချိုးရမည်။ ညဦးတိုင်အောင် မစင်ကြယ်ဖြစ်၏။
11. ရိနာစွဲသောသူသည်၊ လက်မဆေးဘဲသူတပါးကိုလက်နှင့်ထိလျှင်၊ ထိုသူသည် မိမိအဝတ်ကိုလျှော်၍ ကိုယ်ကိုရေချိုးရမည်။ ညဦးတိုင်အောင် မစင်ကြယ်ဖြစ်၏။