7. နူနာစင်ကြယ်စေရသောလူအပေါ်မှာ ခုနစ်ကြိမ်တိုင်အောင်ဖြန်း၍၊ ထိုသူသည် စင်ကြယ်သည်ဟု စီရင်ရမည်။ ထိုနောက် အသက်ရှင်သောငှက်ကို ဟင်းလင်းသော အရပ်၌လွှတ်လိုက်ရမည်။
8. စင်ကြယ်စေရသောသူသည် မိမိအဝတ်ကိုလျှော်၍၊ မိမိဆံပင်ကို အကုန်အစင် ရိတ်ပြီးမှ၊ စင်ကြယ်စေခြင်းငှါ ရေချိုးရမည်။ ထိုနောက်၊ တပ်ထဲသို့ဝင်၍၊ မိမိတဲပြင်၌ ခုနစ်ရက်နေရမည်။
9. သတ္တမနေ့၌ မိမိဆံပင်၊ မုတ်ဆိတ်၊ မျက်ခုန်းမွေးအစရှိသော ကိုယ်မွေးရှိသမျှကို ရိတ်၍၊ မိမိအဝတ်ကိုလျှော်ပြီးမှ၊ ရေချိုး၍စင်ကြယ်ရ၏။