ဝတ်​ပြု 13:37-43 Judson Bible (BJB)

37. သို့မဟုတ် ဗောက်နူနာသည်ရပ်နေဟန်ရှိ၍ နက်သောအမွေးပေါက်လျှင်၊ အနာပျောက်၍ ထိုသူသည်စင်ကြယ်သောကြောင့်၊ ယဇ်ပုရောဟိတ်က ထိုသူသည် စင်ကြယ်၏ဟုစီရင်ရမည်။

38. ယောက်ျားမိန်းမသည်လည်း၊ ကိုယ်အရေ၌ဖြူသောနူကွက်ရှိ၍၊

39. ယဇ်ပုရောဟိတ်သည်ကြည့်ရှုသောအခါ မွဲသောအဆင်းရှိလျှင်၊ အရေ၌ပေါက်သောညှင်းဖြစ်၏။ ထိုသူသည် စင်ကြယ်၏။

40. ဆံပင်ကျွတ်သောသူသည်၊ ခေါင်းပြောင်သော်လည်းစင်ကြယ်၏။

41. နဖူးဆံကျွတ်သောသူသည်နဖူးပြောင်သော်လည်း စင်ကြယ်၏။

42. ပြောင်သောခေါင်း၌ဖြစ်စေ၊ ပြောင်သောနဖူး၌ဖြစ်စေ၊ ဖြူနီသောအနာပေါက်လျှင်၊ ထိုပြောင်ရာ၌ ပေါက်သောနူနာဖြစ်၏။

43. ထိုအခါ ယဇ်ပုရောဟိတ်သည်ကြည့်ရှု၍၊ ကိုယ်အရေ၌ နူနာထင်သကဲ့သို့၊ ပြောင်ရာ၌ပေါက်သောအနာ၏အဖူး ဖြူနီလျှင်၊-

ဝတ်​ပြု 13