ဝတ်​ပြု 13:16-20 Judson Bible (BJB)

16. အသားစိုသည် ခြားနား၍ဖြူပြန်လျှင်၊ ယဇ်ပုရောဟိတ်ထံသို့တဖန်လာရမည်။

17. ယဇ်ပုရောဟိတ်သည်ကြည့်ရှု၍၊ အနာဖြူပြန်သည်ကိုမြင်လျှင်၊ ထိုအနာရှိသောသူစင်ကြယ်၏ဟု ယဇ်ပုရောဟိတ်စီရင်ရသဖြင့် သူသည်စင်ကြယ်၏။

18. ကိုယ်အရေ၌ အနာစိမ်းဖြစ်၍ပျောက်ပြီးမှ၊

19. အနာရွတ်၌ဖြူသောအဖူးဖြစ်စေ၊ ဖြူနီသောအနူကွက်ဖြစ်စေ၊ ပေါ်လာသည်ကို ယဇ်ပုရောဟိတ်သည်ကြည့်ရှု၍၊

20. အရေအောက်၌စွဲဟန်ရှိ၍ အမွေးဖြူလျှင်၊ ထိုသူသည် မစင်ကြယ်ဟု ယဇ်ပုရောဟိတ်စီရင်ရမည်။ အနာစိမ်းထဲက ထွက်သောနူနာဖြစ်၏။

ဝတ်​ပြု 13