ဝတ်​ပြု 11:29-33 Judson Bible (BJB)

29. မြေပေါ်မှာ တွားတတ်သောတိရစ္ဆာန်တို့တွင် ပွေး၊ ကြွက်၊ အိမ်မျှောင်မျိုး၊

30. တောက်တဲ့၊ မြွေပါ၊ သင်းချော၊ ပုတတ်၊ ပုတ်သင်တို့သည် သင်တို့၌ မစင်ကြယ်ကြ။

31. သူတို့အသေကောင်ကိုထိသောသူသည် ညဦးတိုင်အောင် မစင်ကြယ်။

32. ထိုအသေကောင်သည် သစ်ခွက်၊ အဝတ်၊ အရေ၊ အမွှေး၊ အိတ်အစရှိသော အသုံးအဆောင်တစုံတခုပေါ်သို့ကျလျှင် ထိုအသုံးအဆောင်မစင်ကြယ်။ ရေ၌နှစ်ရမည်။ ညဦးတိုင်အောင်လည်း မစင်ကြယ်။ ထိုနောက်စင်ကြယ်လိမ့်မည်။

33. မြေခွက်တစုံတခုပေါ်သို့ အသေကောင်ကျလျှင် ထိုမြေခွက် မစင်ကြယ်သောကြောင့် ခွဲရမည်။

ဝတ်​ပြု 11