23. အတောင်ရှိ၍ခြေလေးချောင်းနှင့် တွားတတ်သောအခြားတိရစ္ဆာန်တို့သည် သင်တို့၌ ရွံရှာဘွယ်ဖြစ်ရကြမည်။
24. ထိုတိရစ္ဆာန်အားဖြင့် သင်တို့စင်ကြယ်ခြင်း ပျက်တတ်၏။ သူတို့အသေကောင်ကိုထိသောသူသည်၊ ညဦးတိုင်အောင် မစင်ကြယ်။
25. ထိုအသေကောင်ကိုဆောင်သွားသောသူသည် မိမိအဝတ်ကိုလျှော်ရမည်။ ညဦးတိုင်အောင်လည်း မစင်ကြယ်။
26. ခွါမကွဲပြားသောတိရစ္ဆာန်၊ စားမြုံ့မပြန်သောတိရစ္ဆာန်ရှိသမျှတို့သည် သင်တို့၌ မစင်ကြယ်။ သူတို့အသေကောင်ကို ထိသမျှသောသူတို့သည် မစင်ကြယ်ကြ။