17. အပြစ်ဖြေရာယဇ်သားသည် အလွန်သန့်ရှင်း၏။ သင်တို့သည် ပရိသတ်တို့ အပြစ်ကိုခံ၍၊ ထာဝရဘုရားရှေ့တော်၌ သူတို့အဘို့ အပြစ်ဖြေခြင်းကိုပြုစေခြင်းငှါ ထိုယဇ်သားကိုပေးတော်မူသည်ဖြစ်၍၊ သန့်ရှင်းရာဌာနတော်၌ အဘယ်ကြောင့် မစားသနည်း။
18. ထိုယဇ်သားအသွေးကိုလည်း သန့်ရှင်းရာဌာနထဲသို့ မသွင်းပါတကား။ အကယ်၍ ငါမှာထားခဲ့သည်အတိုင်း၊ ထိုယဇ်သားကို သန့်ရှင်းရာဌာနတော်၌ စားရမည်ဟုဆိုလျှင်၊
19. အာရုန်က၊ ယနေ့သူတို့သည် လူများတို့အပြစ်ဖြေရာယဇ်၊ မီးရှို့ရာယဇ်ကို ပူဇော်ပါပြီ။ အကျွန်ုပ်၌ ထိုသို့သောအမှုရောက်သည်တွင်၊ ယနေ့အပြစ်ဖြေရာ ယဇ်သားကိုစားမိလျှင်၊ ထာဝရဘုရားနှစ်သက်တော်မူပါမည်လောဟု မောရှေကို ပြောဆို၏။
20. မောရှေသည် ထိုစကားကိုကြားလျှင်ဝန်ခံလေ၏။