17. ပညတ္တိကျမ်း၌ အငယ်ဆုံးသော ဗိန္ဓုတလုံးပျက်စီးလွယ်ထက်၊ ကောင်းကင်နှင့်မြေကြီးပျက်စီးလွယ်၏။
18. အကြင်သူသည် မိမိမယားနှင့်ကွာ၍ အခြားသောမိန်းမနှင့်စုံဘက်ခြင်းကိုပြု၏။ ထိုသူသည် မိမိမယား ကို ပြစ်မှား၏။ လင်ကွာသော မိန်းမနှင့်စုံဘက်ခြင်းကို ပြုသောသူသည်လည်း သူ့မယားကိုပြစ်မှားသည်ဟု မိန့်တော်မူ၏။
19. ယဖန်တုံ၊ သူဌေးတယောက်သည် နီမောင်းသော ကမ္ဗလာနှင့်ပိတ်ချောကိုဝတ်ဆင်၍၊ ကာမဂုဏ် စည်းစိမ်၌ နေ့တိုင်းပျော်မွေ့လျက်နေ၏။
20. လာဇရုအမည်ရှိသော သူဆင်းရဲတယောက်သည် တကိုယ်လုံး၌ အနာစိမ်းပေါက်၍၊
21. သူဌေး၏စားပွဲမှကျသော စားနုပ်စားပေါက်ကို စားပါရစေဟု တောင့်တသောစိတ်နှင့် သူဌေးအိမ် တံခါးနားမှာ တုံးလုံးနေ၏။ ခွေးတို့သည် လာ၍ အနာစိမ်းများကို လျက်ကြ။
22. တနေ့သ၌ ထိုဆင်းရဲသားသည် သေလွန်၍၊ ကောင်းကင်တမန်တို့သည် အာဗြဟံ၏ရင်ခွင်သို့ ပို့ဆောင်ကြ၏။ သူဌေးသည်လည်း သေလွန်၍ သင်္ဂြိုဟ်ခြင်းကို ခံရလေ၏။