ရှောလမုန်သီချင်း။ 2:1-4 Judson Bible (BJB)

1. ကျွန်မသည် ရှာရုန်အရပ်နှင့်ဆီးပွင့်၊ ကွင်းပြင်ပေါက်သော နှင်းပွင့်မျှသာဖြစ်ပါ၏။

2. ဆူးတောထဲမှာ နှင်းပွင့်ထင်သကဲ့သို့၊ ငါချစ်သောသတို့သမီးသည် လူမျိုးသမီးစုထဲမှာထင်ပေ၏။

3. တောပင်စုထဲမှာ ရှောက်ချိုပင်ကဲ့သို့ ငါချစ်ရာ သခင်သည် လူမျိုးသားစုထဲမှာ ဖြစ်တော်မူ၏။ ငါသည် သူ၏အရိပ်ဝယ် ပျော်မွေ့နေထိုင်၍၊ မြိန်စွာသော အသီးကို စားရ၏။

4. ပွဲခံရာအိမ်သို့ ငါ့ကိုဆောင်သွား၍၊ မေတ္တာတော်အလံကို ငါ့အပေါ်မှာ မိုးတော်မူပြီ။

ရှောလမုန်သီချင်း။ 2