1. သင်တို့သည် စိတ်မပျက်စေခြင်းငှါ ဤစကားကို ငါဟောပြော၏။
2. လောကီသားတို့သည် သင်တို့ကိုတရားစရပ်မှ နှင်ထုတ်လိမ့်မည်။ သင်တို့ကိုသတ်သောသူမည်သည်ကား၊ ဘုရားဝတ်ကို ငါပြုပြီဟု မိမိထင်မှတ်သောအချိန်ကာလရောက်လိမ့်မည်။
3. ခမည်းတော်ကိုမသိ၊ ငါ့ကိုလည်း မသိသောကြောင့် ထိုသို့ပြုကြလိမ့်မည်။