ရှင်ယောဟန် 11:5-12 Judson Bible (BJB)

5. ယေရှုသည် မာသကို၎င်း။ သူ၏ညီမနှင့် လာဇရုကို၎င်း ချစ်တော်မူ၏။

6. လာဇရု နာသည်ကိုကြားတော်မူလျှင်၊ ကြွတော်မမူဘဲ ထိုအရပ်၌နှစ်ရက်နေတော်မူ၏။

7. ထိုနောက် တပည့်တော်တို့အား၊ ယုဒပြည်သို့ တဖန်သွားကြကုန်အံ့ဟု မိန့်တော်မူလျှင်၊

8. တပည့်တော်တို့က၊ အရှင်ဘုရား၊ ယုဒလူတို့သည်ယခုပင် ကိုယ်တော်ကိုခဲနှင့်ပစ်ခြင်းငှါ ရှာကြံလျက်ပင် ထိုအရပ်သို့တဖန် ကြွတော်မူဦးမည်လောဟု လျှောက်ကြ၏။

9. ယေရှုကလည်း၊ တနေ့တွင်တဆယ့်နှစ်နာရီရှိသည်မဟုတ်လော။ လူသည်နေ့အချိန်၌သာ သွားလာလျှင်၊ နေရောင်အလင်းကို မြင်ရသောကြောင့် ထိမိ၍ မလဲတတ်။

10. ညဉ့်အချိန်၌သွားလာလျှင်မူကား၊ အလင်းမရှိသောကြောင့် ထိမိ၍လဲတတ်၏ဟု မိန့်တော်မူပြီးမှ၊

11. ငါတို့အဆွေ လာဇရုသည် အိပ်ပျော်၏။ သူ့ကို နိုးခြင်းအလိုငှါ ငါသွားမည်ဟု မိန့်တော်မူ၏။

12. တပည့်တော်တို့ကလည်း၊ သခင်၊ သူသည် အိပ်ပျော်လျှင် သက်သာရလိမ့်မည်ဟု လျှောက်ကြ၏။

ရှင်ယောဟန် 11