ရှင်ယောဟန် 11:13-16 Judson Bible (BJB)

13. ယေရှုသည် လာဇရုသေကြောင်းကိုမှတ်၍ မိန့်တော်မူသော်လည်း၊ ပကတိအိပ်ပျော်ကြောင်းကို မိန့်တော်မူသည်ဟု တပည့်တော်တို့သည် ထင်မှတ်ကြ၏။

14. ထိုကြောင့်ယေရှုက၊ လာဇရုသေပြီ။ သင်တို့သည် ယုံကြည်မည်အကြောင်း၊

15. ထိုအရပ်၌ ငါမရှိသည်ကိုထောက်၍ သင်တို့အတွက် ငါဝမ်းမြောက်ခြင်းရှိ၏။ သူ့ဆီသို့ ငါတို့သွားကြကုန်အံ့ဟု အတည့်အလင်းမိန့်တော်မူ၏။

16. ဒိဒုမုအမည်ရှိသော သောမက၊ အကျွန်ုပ်တို့လည်းလိုက်၍ သခင်နှင့်အတူ အသေခံကြကုန်အံ့ဟု တပည့်တော်ချင်းတို့အား ပြောဆို၏။

ရှင်ယောဟန် 11