ရှင်မာကု 9:45-49 Judson Bible (BJB)

45. သင်၏ခြေသည် သင့်ကိုမှားယွင်းစေလျှင် ခြေကိုဖြတ်လော့။

46. ပိုးမသေ၊ မီးမငြိမ်းရာ၊ ငရဲအတွင်း မငြိမ်းနိုင်သောမီးထဲသို့ ခြေနှစ်ဘက်စုံနှင့်ချခြင်းကို ခံရသည်ထက်၊ ခြေချို့တဲ့၍ အသက်ရှင်ခြင်းသို့ ဝင်စားသော် သာ၍ကောင်း၏။

47. သင်၏မျက်စိသည်လည်း သင့်ကိုမှားယွင်းစေလျှင် မျက်စိကိုထုတ်လော့။

48. ပိုးမသေ၊ မီးမငြိမ်းရာ၊ ငရဲမီးထဲသို့ မျက်စိနှစ်ဘက်စုံနှင့်ချခြင်းကို ခံရသည်ထက်၊ မျက်စိတဘက်နှင့် ဘုရားသခင်၏နိုင်ငံတော်သို့ ဝင်စားသော် သာ၍ကောင်း၏။

49. ယဇ်ယောင်ရှိသမျှတို့၌ ဆားခတ်ရသကဲ့သို့ ခပ်သိမ်းသောသူတို့သည် မီးဆားခတ်ခြင်းကို ခံရကြမည်။

ရှင်မာကု 9