10. ထိုမှတပါး သင်တို့သည် မည်သည်အိမ်သို့ဝင်လျှင်၊ ထိုအိမ်တွင် ထိုအရပ်မှ မထွက်မသွားမှီတိုင်အောင် နေကြလော့။
11. အကြင်သူတို့သည် သင်တို့ကို လက်မခံ၊ သင်တို့ ၏ စကားကိုနားမထောင်ဘဲနေ၏။ ထိုသူတို့နေရာ အရပ်မှ ထွက်သွားစဉ်၊ သူတို့တဘက်၌သက်သေဖြစ်စေခြင်းငှါ သင်တို့၏ခြေဘဝါးမှ မြေမှုန့်ကို ခါလိုက်ကြလော့။ ငါအမှန်ဆိုသည်ကား၊ တရားဆုံးဖြတ်သောနေ့၌ ထိုမြို့သည် သောဒုံမြို့နှင့် ဂေါမောရမြို့ထက်သာ ခံရလတံ့ဟု မိန့်တော်မူ၏။
12. တပည့်တော်တို့သည် ထွက်သွား၍ နောင်တတရားကိုဟောကြ၏။
13. နတ်ဆိုးများကို နှင်ထုတ်ကြ၏။ မကျန်းမမာသော သူများတို့ကို ဆီနှင့်လူး၍ အနာကို ငြိမ်းစေကြ၏။
14. ထိုအခါ သိတင်းတော်ကျော်စောသည်ဖြစ်၍၊ ဟေရုဒ်မင်းကြီးသည် ကြားလျှင်၊ ဗတ္တိဇံဆရာယောဟန်သည် သေခြင်းမှ ထမြောက်လေပြီ။ ထိုကြောင့် တန်ခိုးများကို ပြနိုင်သည်ဟု ဆို၏။