ရှင်မာကု 14:15-19 Judson Bible (BJB)

15. ထိုသူသည် အသင့်ပြင်ဆင်လျက်ရှိသော အထက်အခန်းကြီးကိုပြလိမ့်မည်။ ထိုအခန်း၌ ငါတို့ဘို့ ပြင်ဆင်ကြလော့ဟု မိန့်တော်မူ၏။

16. တပည့်တော်တို့သည်သွား၍ မြို့ထဲသို့ဝင်လျှင်၊ စကားတော်အတိုင်းတွေ့၍ ပသခါပွဲကို ပြင်ဆင်ကြ၏။

17. ညဦးယံအချိန်ရောက်မှ တပည့်တော်တကျိပ် နှစ်ပါးတို့နှင့်အတူ ကြွလာတော်မူ၏။

18. စားပွဲ၌လျောင်း၍ စားနေကြစဉ်တွင်၊ ယေရှုက၊ ငါအမှန်ဆိုသည်ကား၊ သင်တို့အဝင်ဖြစ်၍ ငါနှင့်အတူ စားသောသူ တစုံတယောက်သည် ငါ့ကို အပ်နှံလိမ့်မည်ဟု မိန့်တော်မူလျင်၊

19. တပည့်တော်တို့သည် ဝမ်းနည်း၍၊ အကျွန်ုပ်လော၊ အကျွန်ုပ်လောဟု တယောက်နောက်တယောက် အသီးအသီးမေးလျှောက်ကြ၏။

ရှင်မာကု 14