1. ဘုရားသခင်သားတော် ယေရှုခရစ်၏ ဧဝံဂေလိတရား၏ အစကို ဆိုပေအံ့။
2. အနာဂတ္တိကျမ်းစာ၌ လာသည်ကား၊ ကြည့်ရှုလော့။ သင်သွားရာလမ်းကို ပြင်ရသောငါ၏တမန်ကို သင့်ရှေ့၌ ငါစေလွှတ်၏။
3. တော၌ ဟစ်ကြော်သောသူ၏အသံမှာ၊ ထာဝရဘုရားကြွတော်မူရာလမ်းကို ပြင်ကြလော့။ လမ်းခရီးတော်ကို ဖြောင့်စေကြလော့ဟု လာသည်နှင့်အညီ၊