ရော​မ 5:11-14 Judson Bible (BJB)

11. ထိုမျှမက၊ ငါတို့သခင်ယေရှုခရစ်အားဖြင့် မိဿဟာယဖွဲ့ရာ ကျေးဇူးကိုယခုခံပြီးလျှင်၊ ထိုသခင်အားဖြင့် ဘုရားသခင်၌ ဝါကြွားဝမ်းမြောက်ခြင်းရှိကြ၏။

12. ဤအကြောင်းအရာဟူမူကား၊ အပြစ်တရားသည် တယောက်သောသူအားဖြင့် ဤလောကသို့ဝင်၍၊ အပြစ်တရားအားဖြင့် သေခြင်း တရားဝင်သည်နှင့်အညီ၊ လူအပေါင်းတို့သည် အပြစ်ရှိသောကြောင့် သေခြင်းသို့ ရောက်ရကြ၏။

13. ပညတ်တရားကို မထားမှီတိုင်အောင် ဤလောက၌ အပြစ်ရှိ၏။ အဘယ်ပညတ်တရားကိုမျှ မရှိလျှင်၊ အပြစ်ရှိသည်ဟု မှတ်စရာမရှိ၊

14. သို့သော်လည်း အာဒံလက်ထက်မှစ၍ မောရှေလက်ထက်တိုင်အောင် သေခြင်းတရားသည် အစိုးရ၏။ အာဒံပြစ်မှားသည်နည်းတူ မပြစ်မှားသော သူတို့ကိုပင် အစိုးရ၏။ ထိုအာဒံသည် နောက်လာလတံ့သောသူ၏ ပုံပမာဖြစ်သတည်း။

ရော​မ 5