18. ထိုသို့ကျင့်၍ ခရစ်တော်၏အမှုကို ဆောင်ရွက်သောသူသည် ဘုရားသခင့်ရှေ့၌ နှစ်သက်ဘွယ်၊ လူတို့ တွင် ချီးမွမ်းဘွယ်ဖြစ်၏။
19. ထိုကြောင့်၊ ငြိမ်သက်ခြင်းနှင့်၎င်း၊ အချင်းချင်းတည်ဆောက်ခြင်းနှင့်၎င်း ယှဉ်သောအရာတို့ကို မှီအောင်လိုက်ကြကုန်အံ့။
20. ဘုရားသခင်၏ အမှုတော်ကို သင်၏အစာအလိုငှါ မဖျက်ဆီးနှင့်။ အစာအမျိုးမျိုးတို့သည် စင်ကြယ်၏။ သို့သော်လည်း သူတပါးထိမိ၍ လဲစရာအကြောင်းနှင့် စားသော သူသည်အပြစ်ရှိ၏။