19. ရွှေတန်ဆာ၊ ငွေတန်ဆာတည်းဟူသော အင်တုံ၊ လင်ပန်း၊ အိုး၊ အိုးကင်း၊ မီးခုံ၊ ဇွန်း၊ ဖလားများကို၊ ရွှေဖြစ်စေ၊ ငွေဖြစ်စေ၊ ကိုယ်ရံတော်မှူးသည် ယူသွားလေ၏။
20. ဗိမာန်တော်၌ ရှောလမုန်မင်းကြီးလုပ်သောတိုင်နှစ်တိုင်၊ ရေကန်တခု၊ ရေကန်ခံစရာအခြေအမြစ် ကြေးဝါနွားတဆယ်နှစ်ခု၌ပါသော ကြေးဝါသည် အချိန်အားဖြင့် အတိုင်းမသိများ၏။
21. တိုင်အမြင့်ကား၊ တဆယ်ရှစ်တောင်ရှိ၏။ လုံးပတ်မှုကား၊ တဆယ်နှစ်တောင်ရှည်သော ကြိုးတပတ်ရှိ၏။ ခေါင်းပါဖြစ်၍ဒုလေးသစ်ရှိ၏။
22. ကြေးဝါတိုင်ထိပ်လည်း ရှိ၏။ တိုင်ထိပ်အမြင့်ကား၊ ငါးတောင်ရှိ၍ ထိပ်ပတ်လည်ကြေးဝါကွန်ရွက်၊ ကြေးဝါသလဲသီးတို့နှင့်ပြည့်စုံ၏။ အခြားသော တိုင်သည်လည်း၊ ထိုအတူဖြစ်၍ သလဲသီးတို့နှင့်ပြည့်စုံ၏။