ယေ​ရ​မိ 51:1-8 Judson Bible (BJB)

1. ထာဝရဘုရားမိန့်တော်မူသည်ကား၊ ဗာဗုလုန်မြို့တဘက်၌၎င်း၊ ငါ၏ရန်သူတို့နှင့်ပေါင်းဘော်သော သူတို့တဘက်၌၎င်း၊ ဖျက်ဆီးတတ်သော လေကို ငါထစေမည်။

2. စံကောနှင့်ပြာတတ်သောသူတို့ကို ဗာဗုလုန်မြို့သို့ ငါစေလွှတ်သဖြင့်၊ သူတို့သည် တပြည်လုံးကိုပြာ၍ ရှင်းလင်းကြလိမ့်မည်။ အမှုရောက်သောကာလ၊ သူတို့သည် မြို့ပတ်ဝန်းကျင်တို့၌ ရန်ဘက်ပြုလျက်နေကြ လိမ့်မည်။

3. လေးကိုကိုင်သောသူ၊ သံချပ်အင်္ကျီကိုဝတ်သော သူတို့ကို လေးတင်၍ ပစ်ကြလော့။ မြို့သားလုလင်တို့ကို မနှမြောဘဲ၊ မြို့သားအလုံးအရင်းရှိသမျှတို့ကို ရှင်းရှင်းဖျက်ဆီးကြလော့။

4. ထိုသို့သူရဲတို့သည် ခါလဒဲပြည်တွင်၊ လမ်းမတို့၌ လဲ၍အထိုးခံရကြလိမ့်မည်။

5. ဣသရေလအမျိုးနှင့်ယုဒအမျိုးနေရာ ပြည်သည်၊ ဣသရေလအမျိုး၏သန့်ရှင်းတော်မူသောဘုရားကို ပြစ်မှားသော အပြစ်နှင့်ပြည့်သော်လည်း၊ သူတို့ ဘုရားသခင်၊ ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရားသည် ထိုအမျိုးတို့ကို စွန့်ပစ်တော်မမူ။

6. ဗာဗုလုန်မြို့ထဲက ထွက်ပြေး၍၊ အသီးအသီး ကိုယ်အသက်ကို ကယ်နှုတ်ကြလော့။ မြို့သားတို့၏အပြစ်နှင့် ရော၍ ဆုံးရှုံးခြင်ကို မခံကြနှင့်။ ဤအချိန်ကား၊ ထာဝရဘုရား၏အမျက်တော်ကို ဖြေချိန်ဖြစ်၍၊ အကျိုး အပြစ်နှင့်အလျောက် စီရင်တော်မူမည်။

7. ဗာဗုလုန်မြို့သည်၊ ထာဝရဘုရားကိုင်တော်မူ၍ မြေကြီးတပြင်လုံးကို ယစ်မူးစေသောရွှေဖလားဖြစ်၏။ ထိုဖလား၌ပါသော စပျစ်ရည်ကို လူအမျိုးမျိုးတို့သည် သောက်၍အရူးဖြစ်ကြ၏။

8. ဗာဗုလုန်မြို့သည် ချက်ခြင်းပြိုလဲ၍ ပျက်စီးပြီ။ သူ၏အတွက် ငိုကြွေးမြည်တမ်းကြလော့။ သူ၏အနာပျောက်နိုင်လျှင်၊ ပျောက်စေခြင်းငှါ ဗာလစံစေးကို ယူကြလော့။

31-32. ရန်သူတို့သည် မြို့တော်ကို တဘက်တချက် တိုက်ဝင်ကြပြီဟူ၍၎င်း၊ လမ်းဝကို ပိတ်ထား၍ ရေကန် နားမှာမီးရှို့ကြောင်းနှင့်၊ စစ်သူရဲတို့သည် ကြောက်လန့်လျက်ရှိကြပြီဟူ၍၎င်း၊ ဗာဗုလုန်ရှင်ဘုရင်အား ကြားလျှောက်အံ့သောငှါ၊ မင်းလုလင်ချင်းတယောက်ကိုတယောက်၊ စေလွှတ်သူချင်းတယောက်ကိုတယောက် တွေ့ကြုံလျက် ပြေးလာကြ၏။

ယေ​ရ​မိ 51