21. ငါသည် အဘယ်မျှကာလပတ်လုံး အလံကို မြင်ရအံ့နည်း။ အဘယ်မျှကာလပတ်လုံး တံပိုးသံကို ကြားရအံ့နည်း။
22. အကယ်စင်စစ် ငါ၏လူတို့သည် ထိုင်းမှိုင်း၍ ငါ့ကို မသိကြ။ မိုက်သောသူငယ်ဖြစ်၍ ဥာဏ်မရှိကြ။ မကောင်းသောအမှုတို့၌ လိမ္မာကြ၏။ ကောင်းသောအမှုတို့ကို မပြုတတ်ကြ။
23. ငါသည်မြေကြီးကိုကြည့်ရှု၍ လွတ်လပ်လဟာ ဖြစ်၏။ မိုဃ်းကောင်းကင်ကိုလည်း ငါကြည့်ရှု၍ အလင်းမရှိ။