ယေ​ရ​မိ 38:26-28 Judson Bible (BJB)

26. သင်ကလည်း၊ငါ့ကိုသေစေခြင်းငှါ၊ ယောနသန် အိမ်သို့ ပြန်စေတော်မမူမည်အကြောင်း၊ ရှင်ဘုရင်ထံ၌ ငါအသနားတော်ခံပြီဟု သူတို့အား ပြန်ပြောလော့ဟု၊ ယေရမိအား မိန့်တော်မူ၏။

27. ထိုအခါမှူးမတ်အပေါင်းတို့သည် ယေရမိရှိရာသို့ လာ၍ မေးစစ်ကြ၏။ သူသည်လည်း၊ ရှင်ဘုရင်မှာထားသမျှအတိုင်း ပြန်ပြောပြီးမှ၊ သူတို့သည် မမေးမစစ်ဘဲ နေကြ၏။ ထိုအမှုကိုအဘယ်သူမျှ မရိပ်မိကြ။

28. ယေရုရှလင်မြို့ကို တိုက်၍ရသောနေ့တိုင်အောင်၊ ယေရမိသည် ထောင်ဝင်းထဲမှာနေရ၏။ ယေရုရှလင်မြို့သည် ရန်သူလက်သို့ ရောက်သောအခါ၊ ထောင်ဝင်းထဲမှာရှိသေး၏။

ယေ​ရ​မိ 38