ယေ​ရ​မိ 18:6-12 Judson Bible (BJB)

6. အို ဣသရေလအမျိုး၊ အိုးထိန်းသမားပြုသကဲ့သို့ သင်တို့ကို ငါမပြုနိုင်သလော။ အို ဣသရေလ အမျိုး၊ အိုးမြေသည် အိုးထိန်းသမားလက်၌ ရှိသကဲ့သို့ သင်တို့သည် ငါ့လက်၌ရှိကြ၏။

7. အကြင် တိုင်းနိုင်ငံကို နှုတ်ပယ်ဖြိုချဖျက်ဆီးခြင်းငှါ ငါအမိန့်တော်ရှိ၏။

8. ငါ့အမိန့်တော်နှင့် ဆိုင်သော ထိုတိုင်းနိုင်ငံသည် မိမိဒုစရိုက်ကို စွန့်ပစ်လျှင်၊ ငါကြံစည်သော ဘေးဒဏ်ကို ငါနောင်တရမည်။

9. အကြင်တိုင်းနိုင်ငံကို တည်ထောင်ပြုစုခြင်းငှါ ငါအမိန့်တော်ရှိ၏။

10. ထိုတိုင်းနိုင်ငံသည် ငါ့စကားကို နားမထောင်၊ ငါ့မျက်မှောက်၌ ဒုစရိုက်ကိုပြုလျှင်၊ သူ၏အကျိုးအလိုငှါ ပြုစုမည်ဟူသောစကား၌ပါသော ကျေးဇူးကို ငါနောင်တရမည်။

11. ယခုမှာ ထာဝရဘုရား မိန့်တော်မူသည်ကား၊ သင်တို့အဘို့ ဘေးဒဏ်ကို ငါပြင်ဆင်၏။ သင်တို့ကို ဆန့်ကျင်ဘက်ပြု၍ ငါကြံစည်၏။ သို့ဖြစ်၍၊ ဆိုးသောလမ်းမှ အသီးအသီး ပြန်လာကြလော့။ သင်တို့လိုက်သော လမ်းနှင့် သင်တို့ကျင့်သော အကျင့်ကို ဖြောင့်စေကြလော့ ဟု၊ ယုဒပြည်သူ၊ ယေရုရှလင်မြို့သားတို့အား ဆင့်ဆိုလော့။

12. သူတို့ကလည်း၊ မြော်လင့်စရာမရှိ။ ငါတို့သည် ကိုယ်အလိုသို့ လိုက်မည်။ ငါတို့၌ ဆိုးသော စိတ်နှလုံး ခိုင်မာခြင်းရှိသည်အတိုင်း၊ အသီးအသီးပြုမည်ဟု ဆိုကြ၏။

ယေ​ရ​မိ 18