1. သင်တို့သည် မြေကို အမွေခံခြင်းငှါ စာရေးတံ ချ၍ ပိုင်းခြားသောအခါ၊ သန့်ရှင်းသောမြေတကွက်ကို ထာဝရဘုရားအား ပူဇော်ရကြမည်။ ထိုအကွက်သည် အလျားကျူလုံးအပြန်နှစ်သောင်းငါးထောင်၊ အနံ တသောင်းရှိရမည်။ နယ်နိမိတ်ရှိသမျှသည်လည်း သန့်ရှင်းရမည်။
2. ထိုမြေကွက်အလယ်၌ အလျားအတောင်ငါးရာ၊ အနံလည်း အတောင်ငါးရာရှိသော စတုရန်းအကွက်သည် သန့်ရှင်းရာဌာနဘို့ ဖြစ်ရမည်။ ထိုအကွက် ပတ်လည်၌ သန့်ရှင်းသော နယ်လည်းအတောင် ငါးဆယ် ရှိရမည်။
3. ထိုသို့အလျားနှစ်သောင်းငါးထောင်၊ အနံ တသောင်းကိုတိုင်းပြီးမှ အလွန်သန့်ရှင်းသောအရပ်နှင့် သန့်ရှင်းသောဌာနတည်ရာ ဖြစ်ရမည်။