5. အထက်ခန်းတို့သည် ကျဉ်းကြ၏။ သူတို့၏ ကြမ်းပြင်သည် အောက်ခန်းကြမ်းပြင်၊ အလယ်ခန်း ကြမ်းပြင်နှင့်မညီ၊ အထဲသို့ဝင်လျက် ရှိကြ၏။
6. အကြောင်းမူကား၊ အခန်းသုံးဆင့်ရှိသော်လည်း၊ ထိုအခန်းတို့သည် အခြားတန်တိုင်းကဲ့သို့တိုင်မရှိ၊ သို့ဖြစ်၍၊ အောက်ခန်းနှင့် အလယ်ခန်းထက်သာ၍ ကျဉ်းကြ၏။
7. ထိုအခန်းများတဘက်တချက်၊ ပြင်တန်တိုင်းဘက်မှာ အခန်းများရှေ့၌ကာသော နံရံသည် အလျား အတောင် ငါးဆယ်ရှိ၏။