ယေ​ဇ​ကျေ​လ 40:6-10 Judson Bible (BJB)

6. ထိုနောက်၊ အရှေ့တံခါးသို့သွား၍ လှေကားကို တက်ပြီးမှ၊ တံခါးထုပ်နှင့် တံခါးခုံကိုတိုင်း၍ အနံ ကျူတပြန်စီရှိ၏။

7. အခန်းငယ်တို့သည် တခန်းနှင့်တခန်း ငါးတောင်ကွာလျက် အလျားကျူတပြန်၊ အနံလည်း ကျူတပြန်စီရှိကြ၏။

8. အတွင်းတံခါးခုံလည်း အနံကျူတပြန်ရှိ၏။

9. တံခါးမုတ်ကိုလည်း တိုင်း၍အလျားရှစ်တောင်ရှိ၏။ မုတ်တိုင်အမြင့် နှစ်တောင်စီရှိ၏။ တံခါးမုတ်သည် တံခါးအတွင်းဘက်၌ ရှိသတည်း။

10. အရှေ့တံခါး တဘက်တချက်၌ အခန်းငယ် သုံးခန်းစီရှိ၍၊ အလျားအနံတညီတည်း၊ တဘက်တချက်၌ တိုင်အမြင့်လည်း တညီတည်းရှိကြ၏။

ယေ​ဇ​ကျေ​လ 40