ယေ​ဇ​ကျေ​လ 25:9-13 Judson Bible (BJB)

9. အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ မောဘနံပါး၊ ပြည်စွန်းနားမှာ နိုင်ငံ၏ဘုန်းဖြစ်သော ဗက်ယေရှိမုတ်မြို့၊ ဗာလမောင်မြို့၊ ကိရယသိမ်မြို့တို့ကို ငါလှန်ထားမည်။

10. ထိုမြို့တို့ကို အမ္မုန်အမျိုးသားတို့နှင့်တကွ အရှေ့ပြည်သားတို့အား အပိုင်ပေးမည်။ အမ္မုန်ပြည်သားတို့ကို တိုင်းနိုင်ငံစုတွင်မမှတ်ရ။

11. မောဘပြည်ကိုလည်း ငါသည် အပြစ်ဒဏ် စီရင်၍၊ ငါသည် ထာဝရားဖြစ်ကြောင်းကို သူတို့သိကြရလိမ့်မည်ဟု အရှင်ထာဝရဘုရား မိန့်တော်မူ၏။

12. တဖန်ဧဒုံပြည်သည် ချင်ရဲပြေစေခြင်းငှါ၊ ယုဒ အမျိုးတဘက်၌နေ၍ အလွန်ပြစ်မှားသဖြင့်၊ အပြစ်ဒဏ်စီရင်သောကြောင့်၊

13. အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ ဧဒုံပြည်ကိုငါတိုက်၍ လူနှင့်တိရစ္ဆာန်တို့ကို ပယ်ဖြတ်မည်။ တေမန်မြို့မှစ၍ လူဆိတ်ညံစေမည်။ ဒေဒန်မြို့တိုင်အောင် ထားဖြင့် ဆုံးရကြလိမ့်မည်။

ယေ​ဇ​ကျေ​လ 25