58. ယခုမူကား၊ သင်သည် ကိုယ်ဆိုးညစ်သောအမှုနှင့် စက်ဆုပ်ရွံ့ရှာဘွယ်သော အမှုတို့၏ အပြစ်ကို ခံရမည်ဟု ထာဝရဘုရားမိန့်တော်မူ၏။
59. အရှင်ထာဝရဘုရားမိန့်တော်မူသည်ကား၊ သင်သည် ဝန်ခံခြင်းပဋိညာဉ်ကို ဖျက်လိုသောငှါ၊ သစ္စာဂတိကို မရိုမသေပြုသည်နှင့်အညီ သင်၌ငါပြုမည်။
60. သို့သော်လည်း၊ ငါသည်သင့်အသက်ငယ်စဉ်၊ ဖွဲ့သောပဋိညာဉ်ကို အောက်မေ့၍၊ တဖန်ထာဝရ ပဋိညာဉ် သင်နှင့်ဖွဲ့ဦးမည်။
61. သင်သည် ဝန်ခံခြင်းပဋိညာဉ်ကို မစောင့်ရသော်လည်း၊ ပဋိညာဉ်အားဖြင့် သင်၏ညီအစ်မတို့ကို သင်၏သမီးဖြစ်ဘို့ရာငါပေး၍၊ သင်သည် ထိုသူတို့ကို လက်ခံသောအခါ၊ သင်ပြုမိသောအမှုများကို အောက်မေ့၍ ရှက်ကြောက်ရလိမ့်မည်။