3. ထာဝရဘုရားသည် ယေရုရှလင်မြို့အား မိန့်တော်မူသောစကား ကိုသင်ဆင့်ဆိုရမည်မှာ၊ သင်၏မူလ၊ သင်၏မွေးဘွားရာဌာနသည် ခါနာန်ပြည်၌ရှိ၏။ သင်၏ အဘသည် အာမောရိလူ၊သင်၏အမိသည် ဟိတ္တိအမျိုး ဖြစ်၏။
4. သင့်ကို ဘွားခြင်းအကြောင်းအရာဟူမူကား၊ ဘွားသောနေ့၌ ချက်ကြိုးကိုမဖြတ်၊သန့်ရှင်းစေခြင်းငှါ ရေမချိုး၊ ဆားနှင့်မလူး၊ အဝတ်နှင့် မပတ်ရစ်၊
5. ကရုဏာစိတ်နှင့်ထိုသို့ပြုစုခြင်းငှါ သင့်ကိုမြင်၍ အဘယ်သူမျှ မသနား၊ ဘွားသောနေ့၌သင်သည်ကိုယ်ကို ရွံရှာရသည်တိုင်အောင် လယ်ပြင်၌ ပစ်ထားခြင်းကို ခံရ၏။
6. ငါသည် ရှောက်သွား၍ အသွေးနှင့်လူးလျက်ရှိသော သင်ကို မြင်သောအခါ အသက်ရှင်လော့ဟု သင်သည် အသွေး၌ရှိစဉ် ငါဆို၏။
7. မြက်ပင်ကဲ့သို့ ငါကြီးပွါးစေသဖြင့်၊ သင်သည် အစဉ်အတိုင်း ကြီး၍ လှသောအဆင်းနှင့်ပြည့်စုံ၏။ ရင်သားထ၍ ကိုယ်၌လည်းအမွေးပေါက်၏။ အရင်က အဝတ်မရှိ၊ အချည်းစည်းနေရ၏။
56-57. ရှုရိသမီးများနှင့် သူတို့ပတ်လည်၌နေသော သူအပေါင်းတို့သည် သင့်ကိုကဲ့ရဲ့၍၊ သင့်ပတ်လည်၌ နေသော ဖိလိတ္တိသမီးများတို့သည်မထီမဲ့မြင်ပြုကြသဖြင့်၊ သင်ပြုသောဒုစရိုက်အပြစ်မထင်ရှားမှီ သင်သည် မာန ထောင်လွှားစဉ်ကာလတွင်၊ သင့်ညီမသောဒုံ၏နာမကို အလျှင်းနှုတ်မမြွက်။