23. သင်သည် အမင်္ဂလာရှိ၏။ အမင်္ဂလာရှိ၏။ ဒုစရိုက်အပေါင်းကို ပြုပြီးမှ၊
24. ကိုယ်နေဘို့ ကုဋီတိုက်ကိုတည်၍ လမ်းရှိတိုင်းမြင့်သောအရပ်ကို လုပ်လေ၏။
25. သင်သည် မြင့်သောအရပ်ကို လမ်းဦးတိုင်း လုပ်၍၊ ကိုယ်လှသော အဆင်းကိုရွံ့ရှာဘွယ်ဖြစ်သည် တိုင်အောင် ပြုလျက်၊ ခရီးသွားသောသူအပေါင်းတို့အား ပေါင်တို့ကိုခွါဖွင့်၍၊ မတရားသောမေထုန်အမှုတို့ကို များပြားစေ၏။
26. ဆူဖြိုးသောသင်၏အိမ်နီးချင်း အဲဂုတ္တုလူတို့နှင့် မှားယွင်း၍၊ ငါ့အမျက်ကို နှိုးဆော်လျက်၊ မတရားသော မေထုန်အမှုတို့ကို များပြားစေ၏။
27. ထိုကြောင့်၊ ငါသည် လက်ကို ဆန့်ကျင် သင်၏ ရိက္ခာကို ဖြတ်၍၊ သင့်ကိုမုန်းသောသူ၊ သင့်ဆိုးညစ်သော အမှုများကြောင့် ရှက်တတ်သော ဖိလိတ္တိအမျိုးသမီးတို့ လက်သို့အပ်ရ၏။