ယေ​ဇ​ကျေ​လ 10:20-22 Judson Bible (BJB)

20. ဤသည်ကား၊ ခေဗာမြစ်နားမှာ ဣသရေလ အမျိုး၏ ဘုရားသခင့်အောက်၌ ငါမြင်ဘူးသော သတ္တဝါ ပေတည်း။ ခေရုဗိမ်ဖြစ်သည်ကိုလည်း ငါသိ၏။

21. သူတို့သည် မျက်နှာလေးခုစီ၊ အတောင်လေးလုံးစီရှိ၍၊ အတောင်အောက်၌ လူလက်သဏ္ဌာန်ရှိ၏။

22. မျက်နှာပုံကား၊ ခေဗာမြစ်နားမှာ ငါမြင်ဘူးသောမျက်နှာနှင့်တူ၏။ ကိုယ်အဆင်းအရောင်လည်း တူ၏။ ထိုသူလေးပါးတို့သည် တည့်တည့် သွားတတ်ကြ၏။

ယေ​ဇ​ကျေ​လ 10