ယေ​ဇ​ကျေ​လ 1:16-18 Judson Bible (BJB)

16. ထိုရထားဘီးတို့၏ အဆင်းအရောင်သည်ကား၊ ကျောက်မျက်ရွဲ အဆင်းအရောင်နှင့်တူ၏။ ထိုလေးခုတို့ သည် အဆင်းအရောင်တညီတည်း ရှိကြ၏။ ပုံသဏ္ဍာန်မူကား၊ ဘီးတခုအထဲ၌ ဘီးတခုတပ်သကဲ့သို့ဖြစ်၏။

17. သွားသောအခါ ဘီးလေးမျက်နှာတို့သည် တညီတည်းဖြစ်၍ မလည်ဘဲသွားတတ်ကြ၏။

18. ဘီးဝန်းတို့သည်လည်း မြင့်၍ ကြောက်မက်ဘွယ် ဖြစ်ကြ၏။ ထိုလေးပါးတို့သည်မျက်စိနှင့်ပြည့်ကြ၏။

ယေ​ဇ​ကျေ​လ 1