ယော​ရှု 6:26-27 Judson Bible (BJB)

26. ထိုအခါယောရှုက၊ အကြင်သူသည်ထ၍ ယေရိခေါမြို့ကို တည်ပြန်၏။ ထိုသူသည် ထာဝရဘုရားရှေ့တော်၌ ကျိန်အပ်သောသူဖြစ်ပါစေ။ သူသည် သားဦး လက်ထက်၌ မြို့ရိုးအမြစ်ကိုတည်၍ သားထွေးလက်ထက်၌ မြို့တံခါးတို့ကို ထောင်ပါစေဟု ကျိန်ဆို၏။

27. ထိုသို့ ထာဝရဘုရားသည် ယောရှုနှင့်အတူ ရှိတော်မူ၍၊ သူ၏သိတင်းသည် တပြည်လုံး၌ နှံ့ပြားကျော်စောလေ၏။

ယော​ရှု 6