ယော​ရှု 4:13-17 Judson Bible (BJB)

13. ထိုအမျိုးသားတို့သည် အရေအတွက်အားဖြင့် လေးသောင်းခန့်မျှရှိ၍၊ စစ်တိုက်ခြင်းငှါ ပြင်ဆင်လျက် ထာဝရဘုရားရှေ့တော်၌ ယေရိခေါလွင်ပြင်သို့ ကူးသွားကြ၏။

14. ထိုနေ့၌ ထာဝရဘုရားသည် ဣသရေလအမျိုးသားအပေါင်းတို့ရှေ့မှာ ယောရှုကို ချီးမြှင့်တော်မူ၍၊ သူတို့သည် မောရှေကို ကြောက်ရွံ့သကဲ့သို့ ယောရှုကိုလည်း သူ၏အသက်တည်သည်ကာလပတ်လုံးကြောက်ရွံ့ကြ၏။

15. တဖန်ထာဝရဘုရားက၊ သက်သေခံချက် သေတ္တာတော်ကို ထမ်းသော ယဇ်ပုရောဟိတ်တို့သည်၊

16. ယော်ဒန်မြစ်ထဲက တက်လာရမည်အကြောင်း၊ ဆင့်ဆိုလော့ဟု မိန့်တော်မူသည်အတိုင်း၊

17. ယော်ဒန်မြစ်ထဲက တက်လာကြလော့ဟု ယဇ်ပုရောဟိတ်တို့အား ယောရှုသည် ဆင့်ဆိုလေ၏။

ယော​ရှု 4