ယော​ရှု 3:16-17 Judson Bible (BJB)

16. မြစ်ညာကစီးလာသောရေသည် တန့်ရပ်၍ ဝေးသောအရပ်၊ ဇာရတန်မြို့နားမှာရှိသော အာဒံမြို့တိုင်အောင် ပုံ့ပုံ့ကြွလျက်နေ၏။ လွင်ပြင်အိုင်တည်းဟူသော သောဒုံအိုင်သို့စီးသွားသောရေသည်လည်း အကုန်အစင် ပြတ်၍၊ လူများတို့သည် ယေရိခေါမြို့သို့ ရှေ့ရှုကူးကြ၏။

17. လူများအပေါင်းတို့သည် ယော်ဒန်မြစ်တဘက်သို့ မရောက်မှီတိုင်အောင် ထာဝရဘုရား၏ ပဋိညာဉ်သေတ္တာကို ထမ်းသော ယဇ်ပုရောဟိတ်တို့သည်၊ မြစ် အလယ်တွင် မြေပေါ်၌ မြဲမြံစွာနင်း၍၊ ဣသရေလအမျိုးသားအပေါင်းတို့သည် မြေပေါ်၌ ရှောက်သွားရကြ၏။

ယော​ရှု 3