ယော​ရှု 3:14-16 Judson Bible (BJB)

14. လူများတို့သည် ယော်ဒန်မြစ်ကိုကူးအံ့သောငှါ၊ တဲတို့မှပြောင်း၍ ပဋိညာဉ်သေတ္တာကိုထမ်းသော ယဇ်ပုရောဟိတ်တို့သည် လူများရှေ့မှာသွားလျက်၊

15. ယော်ဒန်မြစ်နားသို့ရောက်၍ ခြေဘဝါးတို့သည် လျှံသောရေကိုနင်းသောအခါ၊ စပါးရိတ်ရာကာလ၌ ထိုမြစ်ရေသည် ကမ်းတရှောက်လုံးကို လျှံလေ့ရှိသော်လည်း၊

16. မြစ်ညာကစီးလာသောရေသည် တန့်ရပ်၍ ဝေးသောအရပ်၊ ဇာရတန်မြို့နားမှာရှိသော အာဒံမြို့တိုင်အောင် ပုံ့ပုံ့ကြွလျက်နေ၏။ လွင်ပြင်အိုင်တည်းဟူသော သောဒုံအိုင်သို့စီးသွားသောရေသည်လည်း အကုန်အစင် ပြတ်၍၊ လူများတို့သည် ယေရိခေါမြို့သို့ ရှေ့ရှုကူးကြ၏။

ယော​ရှု 3